ပုံစံသစ် ပြင်ပဒေသမှလာရောက်သူများအတွက် သက်သေခံကတ်ပြားနံပါတ်ဆိုင်ရာ မူဝါဒအကြောင်းမိတ်ဆက်
- 發布日期:
- 發布單位:入出國事務組‧綜合計畫科
- 資料點閱次數:1002
- 更新日期:2020-11-10
လက်ရှိအသုံးပြုနေသော ပြင်ပဒေသမှလာရောက်သူများအတွက် သက်သေခံကတ်ပြား နံပါတ်သည် နိုင်ငံသားမှတ်ပုံတင်နံပါတ်နှင့် ပုံစံမတူသဖြင့် ပြင်ပဒေသမှလာရောက် သူများသည် အွန်လိုင်းမှတစ်ဆင့်ဈေးဝယ်ခြင်း၊ လက်မှတ်ကြိုတင်ဝယ်ယူခြင်း၊ ဆေးကု သရန် တိုကင်ယူခြင်း စသည့်လုပ်ငန်းစဉ်များကို လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်ခြင်း မရှိပေ။ သို့ဖြစ်ရာ ထိုင်ဝမ် ဥရောပကုန်သည်ကြီးများအသင်း သည် နှစ်စဉ်ထုတ်ဝေသည့် စက္ကူဖြူစာတမ်း ၌ အစိုးရအဖွဲ့အစည်းထံ သက်ဆိုင်ရာအရေးကိစ္စကို အကြိမ်ကြိမ်အဆိုပြုလျက်ရှိသည်။
၂။ မူဝါဒအကြောင်း
(က) ပြင်ပဒေသမှလာရောက်သူများအတွက် ကောင်းမွန်သောပတ်ဝန်းကျင် ဖန်တီးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးဌာနသည် ထိုင်ဝမ် ဥရောပကုန်သည်ကြီးများ အသင်း၏ အကြံပြုချက်များကို မှီငြမ်း၍ “အင်္ဂလိပ်အက္ခရာ ၂ လုံး+ကိန်းဂဏန်း ၈ လုံး” ပါ ပြင်ပဒေသမှလာရောက်သူများအတွက် တပြေးညီသက်သေခံကတ်ပြားနံပါတ်ကို အသုံးပြု ပါမည်။ နိုင်ငံသားမှတ်ပုံတင်နံပါတ်ပါ “အင်္ဂလိပ်အက္ခရာ ၁ လုံး+ကိန်းဂဏန်း ၉ လုံး” ကို ကိုးကား၍ ကုဒ်နံပါတ်ကို မူအားဖြင့် ပြင်ဆင်ပါမည်။ (အောက်တွင် ပုံစံသစ်နံပါတ်ဟု အတိုကောက် ခေါ်တွင်မည်) ပုံစံသစ်နံပါတ်၏ ပုံစံမှာ အောက်ပါအတိုင်းဖြစ်သည်။ (ပူးတွဲပါရှိသည်)
(၁) ပထမမြောက်စာလုံး - ဒေသကုဒ်စာလုံး၊ လျှောက်ထားသည့်ဒေသအလိုက် ခွဲခြားသည်။ နိုင်ငံသားမှတ်ပုံတင်နံပါတ်ပုံစံကို ကိုးကားသည်။
(၂) ဒုတိယမြောက်စာလုံး - ကျား/မ ခွဲခြားသည့်စာလုံး၊ ကိန်းဂဏန်း ၈ မှာ ကျား ဖြစ်ပြီး ကိန်းဂဏန်း ၉ မှာ မ ဖြစ်သည်။
(၃) ဒသမမြောက်စာလုံး - စစ်ဆေးသည့်စာလုံး ဖြစ်သည်။ နိုင်ငံသားမှတ်ပုံတင် နံပါတ် စစ်ဆေးသည့်စာလုံး တွက်ချက်သည့် သီအိုရီကို ကိုးကားသည်။
(ခ) လူဝင်မှုကြီးကြပ်ရေးဌာနသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှစ၍ ပုံစံသစ်နံပါတ်များပါဝင်သော သက်သေခံကတ်ပြားများကို စိစစ်ထုတ်ဝေပေးသွားရန် စီစဉ် ထားပါသည်။ အမြဲတမ်းနေထိုင်သော နိုင်ငံခြားသားအချို့ ပြည်တွင်း၌ ရှိမနေခြင်းကို ထည့်သွင်းစဉ်းစားပြီး လူထုအခွင့်အရေးအပေါ် အကျိုးသက်ရောက်မှုမရှိစေရန်အတွက် နံပါတ်သစ်လဲလှယ်သည့်ကာလကို ၁၀ နှစ် သတ်မှတ်ထားပါသည်။ သို့ဖြစ်ရာ ပုံစံဟောင်း နံပါတ်များကို ၂၀၃၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အသုံးပြုမှု ရပ်ဆိုင်းသွားမည် ဖြစ်ပါသည်။
၃။ လမ်းညွှန်ပညာပေးအစီအစဉ်
(က) ဤအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ စတင်မည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဌာန “ပုံစံသစ် ပြင်ပဒေသမှလာရောက်သူများအတွက် သက်သေခံ ကတ်ပြားနံပါတ် သီးသန့်ကဏ္ဍ” တွင် သက်ဆိုင်ရာသတင်းအချက်အလက် များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။ “ဘာသာစကားများစွာဖြင့် မူဝါဒများ မိတ်ဆက် ပေးခြင်း၊ မေးလေ့မေးထရှိသော အမေးအဖြေများ၊ အီလက်ထရောနစ်စာရွက်စာတမ်း အသိပေးဖြန့်ဝေခြင်းနှင့် စာရွက်စာတမ်း ပေးပို့ခြင်းဆိုင်ရာ သိရှိရမည့်အချက်များ” စသဖြင့် ပါဝင်ပါမည်။
(ခ) ထို့ပြင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးဌာန ထိုင်ပေမြို့ဝန်ဆောင်မှုစင်တာ ၌ လက်တွေ့ လမ်းညွှန် ပညာပေးအစီအစဉ် ကျင်းပရန် စီစဉ်ထားပါသည်။ ယခုအစီအစဉ်တွင် ယခင်က မူဝါဒမိတ်ဆက်မှုပုံစံများနှင့်မတူဘဲ နုပျိုလန်းဆန်းတက်ကြွသော အကြောင်း အရာများကို ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ပြီး သက်ဆိုင်ရာအစီအစဉ် အကြောင်းအရာများကို ဤသီးသန်းကဏ္ဍ၌ ဆက်တိုက်ထုတ်ပြန်ပေးသွားမည်ဖြစ်ရာ အားလုံးမျှော်လင့်စောင့်စား ကြပါရန် အသိပေးအပ်ပါသည်။