ចំណែកខ្លឹមសារជាសំខាន់
:::

National Immigration Agency

:::

လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ “The Power of New Immigrants” ‌ရေဒီယိုအစီအစဥ် မကြာမီ ထုတ်လွှင့်မည်။ Liu Shyh-fang - နိုင်ငံသားသစ်မိတ်ဆွေများနှင့် အတူလက်တွဲပြီး ရှေ့သို့ လျှောက်လှမ်းသွားမည်။

  • ថ្ងៃខែប្រកាស:
  • អង្ការដែលប្រកាស:Immigration Counseling Section
  • ចុចមើល :10
  • ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2024-10-23
15 ရက်နေ့ ရဲတပ်ဖွဲ့အသံလွှင့်ဌာနတွင် လူဝင်မှုကြီးကြပ်ရေးအေဂျင်စီမှ “The Power of New Immigrants” ရေဒီယိုအစီအစဉ်ဖွင့်ပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး Liu Shyh-fang ၊ လွှတ်တော်အမတ် Loh, Meei-Ling ၊ Su, Chiao-Hui နှင့် Mai, Yu-Chen တို့ တက်ရောက်ခဲ့ကြသည်။ ထို့အပြင် ထိုင်ဝမ်အခြေစိုက် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်စသည့်နိုင်ငံတို့မှ တာဝန်ခံအဖွဲ့အစည်းများနှင့် နိုင်ငံသားသစ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။ ဝန်ကြီး Liu Shyh-fang မှ နိုင်ငံသားသစ်မိတ်ဆွေများ ထိုင်ဝမ်လူမှုဘဝနှင့် အမြန်ဆုံး ရင်းနှီးကျွမ်းဝင်မှုရှိစေရန် နိုင်ငံသားသစ်များနှင့် သက်ဆိုင်သည့် အစီအစဥ်သစ်ကို ယခု (2024) ခုနှစ် အောက်တိုဘာလ 18 ရက်နေ့မှစ၍ အပတ်စဥ်သောကြာနှင့် စနေနေ့များ ညနေ 2 နာရီတွင် ရဲတပ်ဖွဲ့အသံလွှင့်ဌာန FM104.9 တွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့အပြင် နိုင်ငံသားသစ်များ အရေးကြီးသတင်းအချက်အလက်များကို လွယ်ကူစွာ သိရှိလိုပါက စိတ်ပါဝင်စားစွာ နားထောင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ဝန်ကြီး Liu Shyh-fang မှ နိုင်ငံသားသစ်အခြေခံဥပဒေထုတ်ပြန်ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားသစ်များအတွက် လိုအပ်သည့် ဆက်စပ်လုပ်ငန်းဆောင်တာများကို အကောင်အထည်ဖော်လျက်ရှိကြောင်း ပြောကြားထားသည်။ အထူးသဖြင့် နိုင်ငံသားသစ်များအတွက် မီဒီယာအသုံးပြုခွင့်ကို သေချာစွာ အတည်ပြုနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ Rti နှင့် ပူးပေါင်းပြီး နိုင်ငံသားသစ်များအတွက် အသစ်ဆုံးသော ရေဒီယိုအစီအစဥ်တစ်ခုကိုလည်း ထုတ်လွှင့်သွားရန် တာဝန်ပေးအပ်ခဲ့သည်။ အဆိုပါ အစီအစဥ်တွင် နိုင်ငံသားသစ်မိတ်ဆွေများ ထိုင်ဝမ်တွင် ဘဝဖြတ်သန်းရာ၌ ကြုံတွေ့ရနိုင်သည့် မိသားစုဆက်ဆံရေး၊ ယဉ်ကျေးမှုထုံးတမ်းစဥ်လာ၊ နေ့စဉ်ဘဝစသည့် ကိစ္စအကြီးအသေးများစသည်တို့ကို ပေါ့ပါးပြီး စိတ်ဝင်စားဖွယ်ဇာတ်လမ်းများဖြင့် တင်ဆက်သွားမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံသားသစ်မိတ်ဆွေများအနေဖြင့် ပြဿနာတစ်စုံတရာ ကြုံတွေ့ရပါက အစိုးရဆိုင်ရာရုံးဌာနများတွင် အကူအညီ ရယူကြပါရန် တိုက်တွန်းထားပါသည်။ ထို့အပြင် Liu Shyh-fang မှ ထိုင်ဝမ်တွင် နေထိုင်မှုနှင့် ပတ်သက်သည့် သိမြင်မှုများကို ပိုမိုရရှိလာစေနိုင်ရန် လာမည့် (2025) ခုနှစ် မတ်လအတွင်း ကျင်းပမည့် တစ်နိုင်ငံလုံးဆိုင်ရာ မားကျူဘုရားလှည့်ပွဲတွင်လည်း အဆိုပါ အစီအစဥ်မှတဆင့် ထိုင်ဝမ်၏ ထူးခြားသည့် ရိုးရာပွဲတော်ကို မိတ်ဆက်ဖော်ပြပေးရန်လည်း ရည်ရွယ်ထားကြောင်း ပြောကြားထားသေးသည်။ဝန်ကြီး Liu Shyh-fang မှ ဤရေဒီယိုအစီအစဉ်မှာ တစ်ပိုင်းလျှင် 15 မိနစ်ကြာပြီး Podcast အဖြစ် ပြန်လည်တည်းဖြတ်၍ လူသုံးများသည့် အင်တာနက်ပလက်ဖောင်းများပေါ်တွင် တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့အပြင် နိုင်ငံသားသစ်များနှင့် ၎င်းတို့၏ ဒုတိယမျိုးဆက်များ၏ စွမ်းရည်မြှင့်တင်ရေးအတွက်လည်း အစီအစဉ် အထူးပြုလုပ်ထားသည်။ မကြာသေးမီကာလအတွင်းတွင် ဗီယက်နမ်မှ အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ပေးထားသည့်အပြင် အခြားနိုင်ငံသားသစ်မိတ်ဆွေများကိုလည်း စီစဉ်တင်ဆက်ခြင်း လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပေးမည် ဖြစ်သည်။ ဥပမာ။ ။ အတူတကွ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ဆောင်ခြင်း၊ အသံဖမ်းစက်ခန်းသို့ သွားရောက်လေ့လာခြင်း၊ အသံဖမ်းနှင့် တည်းဖြတ်ခြင်းဆိုင်ရာ ပရော်ဖက်ရှင်နယ် ကိရိယာများကို ကိုင်တွယ်သုံးစွဲခြင်း စသည့် လက်တွေ့အတွေ့အကြုံများ ပေးသွားမည် ဖြစ်ပါသည်။ ဤအစီအစဉ်မှတဆင့် မီဒီယာနှင့်ဆက်စပ်သော အလုပ်အကိုင်ကဏ္ဍများ၌ နိုင်ငံသားသစ်များနှင့် ၎င်းတို့၏ ဒုတိယမျိုးဆက်များ၏ ပါဝင် အားဖြည့်ကူညီနိုင်မည်ဟု မျှော်လင့်ထားသည်။ဝန်ကြီး Liu Shyh-fang မှ နိုင်ငံသားသစ်များနှင့် ၎င်းတို့၏ ဒုတိယမျိုးဆက်များသည် ထိုင်ဝမ်လူ့ဘောင် ဆက်လက်တိုးတက်မှုအတွက် အရေးပါသည့် အဓိကအင်အားသစ်များဖြစ်ကြောင်းကို အလေးထားပြောကြားသွားသည်။ အဆိုပါ ရေဒီယိုအစီအစဥ်များ ထုတ်လွှင့်ခြင်းအားဖြင့် နိုင်ငံသားသစ်များ “သိသင့်သောအခွင့်အရေးများ”ကို ကာကွယ်ပေးနိုင်ပြီး သတင်းအချက်အလက် တန်းတူမရှိမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံသားသစ်မိတ်ဆွေများနှင့်အတူ လက်တွဲပြီး အတူတကွ တိုးတက်ကောင်းမွန်အောင် ကြိုးစားသွားမည်ဟုလည်း ထပ်မံဖော်ပြခဲ့သည်။
ត្រឡប់ទៅទំព័រដើម